ချင်းရွှေဟော် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ(၄)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၇)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၇) ဉီးမှာ အမျိုးသား(၅)ဉီး၊ အမျိုးသမီး(၂)ဉီးတို့ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ(၁)ဉီး၊ ကျောက်တံခါးမြို့နယ်မှ(၁)ဉီး၊ ကချင်ပြည်နယ်၊ မိုးညှင်း မြို့နယ်မှ(၁)ဉီး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ(၃)ဉီးနှင့် နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ(၁)ဉီး တို့ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေ:လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား (၈၁၆၅)ဉီးနှင့် အမျိုးသမီး(၆၅၃၈)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၇၀၃)ဉီး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)