နမ္မတူ ဩဂုတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီး ဌာန ရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ အသက် (၆၀)နှစ်နှင့် (၈၀)နှစ်အကြား တိုက်ပွဲရှောင်ပြည်သူ ဘိုးဘွား (၅၈)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်းနှင့် လီဆူး(IDP) စခန်းတို့၌ ဆောက်ရွက်ခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှု ဝန်ထမ်း ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်နှင့် တာဝန်ရှိသူများက လီဆူး (IDP)စခန်း၊ ကချင် (IDP) စခန်းနှင့် ကြူဆော့ (IDP)စခန်းတို့ရှိ အသက် (၆၀)နှစ်နှင့် (၈၀)နှစ်အကြား တိုက်ပွဲရှောင်ပြည်သူ ဘိုးဘွား (၅၈)ဦးအား ကိုဗစ်-၁၉ စီးပွားရေးကုစာမှုအစီအစဉ် (CERP)အရ တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀/-)နှုန်းဖြင့် စုစု ပေါင်းငွေကျပ် (၁၇၄၀၀၀၀/-)ကျပ်အား တိုက်ပွဲရှောင်ပြည်သူ ဘိုးဘွားများ လက်ဝယ် သို့အရောက် အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)