နမ္မတူ ဩဂုတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်းတို့၌ ဆောက်ရွက်ခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် ကြူဆော့ (IDP)စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၂)စု၊ တိုက်ပွဲ ရှောင်ပြည်သူ (၅၅၅)ဦးတို့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ် (၃၀)အိတ်နှင့် လက်ဆေးဆပ်ပြာခဲ (၁၁၁၀)ခဲအား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
လူမော် (ပြန်/ဆက်)