ကျောက်ကြီး သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရုံး ရွေ့လျားစာကြည့်တိုက်များ ကွင်းဆင်း ဆောင်ရွက်ရာတွင် ငှားရမ်းပေး မည့် စာအုပ်များကို ဂျပန်နိုင်ငံ (Shanti Volunteer Association) ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့(SVA)မှ ပံ့ပိုးလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဂျပန်ဘာသာပြန်ပုံပြင် စာအုပ်(၃၄၆)အုပ်ကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့သည်။
ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့(SVA)မှ တာဝန်ခံ ဒေါ်လွင်လွင်မာက မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ရွေးလျားစာကြည့်တိုက်လုပ်ငန်း၊ Online ပုံပြောခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲ များကို အဆင်ပြေမှုရှိ/မရှိ မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်များကို ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တစ်လလျှင် (၅) ကျောင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ရပ်နားထားခဲ့ သော်လည်း ယခုအခါ ကျောင်းပြန်ဖွင့်ချိန်တွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် စာအုပ်သစ်များ လာရောက်လှူဒါန်းပေးခြင်းဖြစ် ကြောင်း သိရသည်။
K ခိုင်ပြန်/ဆက်