ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ နှစ်ခြင်းအသင်းတော်ဝတ်ကျောင်း၌ ထောက်ပံ့ငွေပေးအပ်

ဂန့်ဂေါ သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ နှစ်ခြင်းအသင်းတော်ဝတ်ကျောင်း၌ အဝီစိရေတွင်းတူးဖော်ရန် ထောက်ပံ့ငွေကျပ် ၇၀သိန်း ကို ယမန်နေ့က ထောက်ပံ့ပေးအပ်လှူဒါန်းသည်။

လှူဒါန်းရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် သိန်း ၇၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံ ရယူ၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ အဆိုပါ ထောက်ပံ့ငွေဖြင့် ပေ ၄၀၀ လေးလက်မတွင်း တူးပြီးပါရန်လျာထားပြီး ပြီးစီးပါက ကျေးရွာနေပြည်သူများထံ သောက်သုံးရေထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။  

ထင်အောင်နိုင် (ပြန် /ဆက်)