ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်၍ လူဦးရေထူထပ်များပြားသော အင်းစိန်မြို့နယ်အတွင်းရှိ ဖော့ကန်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံ လမ်းမကြီးပေါ် ရှိဈေးများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် အနောက်ကြို့ကုန်း ဗဟိုလမ်း တလျှောက်ရှိ ပြည်သူများကို ကိုဗစ်-၁၉ အသိပညာပေးဟောပြောခြင်း၊ နှာခေါင်းစည်းမပါသူများကို တပ်ဆင်ပေးခြင်း၊ အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်မှူး ဒေါ်ခင်နှင်းကြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း အခုရေ (၃၀၀၀)ကို နှာခေါင်းစည်း မပါသူများအား တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်(၃၀၀)အခမဲ့ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
မျိုးသန့်(ပြန်/ဆက်)