ဒဂုံ ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီက ဘုရားကြီး ရပ်ကွက် အခွန်လွတ်ဈေး၊ ဒဂုံရိပ်သာဈေး၊ ယောမင်းကြီးရပ်ကွက်ဈေး ဆောက်လုပ်ရေးကားမှတ်တိုင်နှင့် ဒဂုံပန်းခြံ ဈေးတန်းတို့၌ ဆောင်ရွက် ကြောင်း သိရ သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူနှင့် ဝန်ထမ်း များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဌ ဦးသိန်းဦးနှင့်အမှုဆောင်အရာရှိ ဦးဆောင်သည့် ဝန်ထမ်းများ စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း အနေဖြင့် ပြည်သူ များအား တစ်ဦးမှတစ်ဦးသို့ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းအပြင် Mask Campaign ဆောင်ရွက်ခြင်း အနေဖြင့် မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Mask အခုရေ(၅၀၀)နှင့် မြို့နယ် ကျန်းမာရေးဌာနမှ အခု(၅၀၀)အား အခမဲ့ ဖြန့်ဝေ ပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)