ရွှေတောင် သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာတွင် ယခုလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုနေအိမ်(၈)လုံးရှိ အိမ်ထောင်စု(၈)စုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကမ်းပြိုဘေးသင့်နေအိမ် (၈)လုံးရှိ အိမ်ထောင်စု (၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် (၁)သိန်းကျပ်နှုန်းဖြင့် (၈)သိန်း၊ လူဦးရေ(၁၆)ဦးအတွက် တစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် (၃၃၆၀၀)ကျပ်၊ စုစုပေါင်းငွေ(၈၃၃၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၀) မျိုးတို့အား ကမ်းပြို ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)