ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းအား တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား ဩဂုတ် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်း သား/ ကျောင်းသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေး ခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန် ရှိသူများ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦး၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကော်မရှင်အရာရှိ ဦးကျော်စိုးအောင်က မဲဆန္ဒရှင် အသိပညာပေးခြင်းနှင့် မဲပေးစက် အသုံးပြုပုံ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ မဲပေးခြင်း စနစ်တို့အား ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောပေးမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)