မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း သြဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက  မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သော အ.ထ.က−မိုင်းပျဉ်း၊ အ.ထ.က−တုံတာ၊ အ.ထ.က−မိုင်းမန်း၊ အ.ထ.က−မိုင်းပုအွန်နှင့် အ.ထ.က(ခွဲ)−မိုင်းပျဉ်းရှိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး Grade-10 တွင်(၅)ဦး၊ Grade-11 တွင်(၅)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား မိုင်းပျဉ်းမြို့နယ်ပညာရေးဌာနမှ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)