သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အခြေခံအပ်ချုပ်စက် နှစ်လသင်တန်းဖွင့်

သရက်ချောင်း ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီခွဲက အသက်မွေး ဝမ်းကျောင်းအ‌ထောက်အကူပြု အ‌ခြေခံအပ်ချုပ်စက် နှစ်လသင်တန်းဖွင့်ပွဲကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကောင်းမြတ်‌ထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ကြသည်။

 အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က  အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် (Focal Ministry) ဖြစ်သည့်အားလျော်စွာ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်နှင့်အညီ အလုပ်အကိုင် အခွင့်အ‌လမ်း၊ မိသားစုဝင်ငွေတိုးပွားလာစေခြင်းနှင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရန် တိုးတက်လာစေရန်၊ မြို့နယ်အတွင်းရှိ ကျေးလက်နေဒေသခံပြည်သူများ အမျိုးသမီးများအတွက် စက်ချုပ်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် အခြေခံအပ်ချုပ်စက် နှစ်လသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အထောက်အကူပြုပစ္စည်းများပေးအပ်ကာ သင်တန်းတွင်ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)