ရပ်စောက် ဩဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တာဝန်ရှိသူများသည် ယနေ့နက်ပိုင်းက ရပ်စောက်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရပ်စောက်နှင့် အခြေခံပညာအထက်တန်းကျောင်း ပင်ဖြစ် တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့သို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးက အဆိုပါကျောင်းများရှိ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံစကားပြောခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ ရပ်စောက်မြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ ငွေကျပ် (၁,၃၆၀,၀၀၀)ကျပ်၊ စားသုံးဆီ (၄၀) ပိဿာ၊ မုန့် (၁၀၀၀) ထုပ်၊ ခေါက်ဆွဲခြောက် (၅) ဖာ၊ ကြက်ဥ (၁၀၀၀) လုံးတို့ကို ရေဘေးသင့်ပြည်သူ (၂၇၂) ဦးတို့အား ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်