ကော့ကရိတ်မြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယနေ့အဖြစ် သင်တန်းပေးလျက်ရှိ

ကော့ကရိတ် ဩဂုတ် ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ဒေါနခန်းမတွင်  ဇူလိုင် ၃၁ ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်၌ ဒုတိယနေ့အဖြစ် သင်တန်းဆက်လက်ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် နည်းပြဆရာများက အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းသား ဆရာ/ ဆရာမ (၁၀၈)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်း ပို့ချနေမှုကို ကော့ကရိတ်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)