သရက်မြို့၌ ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် Mask တပ်ဆင်ခြင်း ရှိ/ မရှိ အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်

သရက် စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီခန့်က အောင်လံ-သရက် ပဲ့ထောင်ဆိပ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် Mask တပ်ဆင်ခြင်း ရှိ/ မရှိစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပါ် တုံ့ပြန်ရေး ကော်မတီမှ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် မဖြစ်မနေ အိမ်အပြင် ထွက်ရသူများကို Mask တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန်နှင့် တတ်နိုင်သရွေ့ အိမ်မှာ နေထိုင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်း ချက်များ နှင့်အညီနေထိုင်ကြရန်၊ မလိုအပ်လျှင် ခရီးမသွားကြရန် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ပဲ့ထောင်ဆိပ်၊ မြို့အဝင်/ အထွက်ဂိတ် များတွင် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(ပြန်/ဆက်)