ရွှေဘို သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားရုံတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသားမောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သောလူငယ်လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့်အလေ့အထကောင်းရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ညွန့်ပေါင်း(၂)နှင့်သင်္ချာ၊ ဒုတိယဆုရရှိသည့်ညွန့်ပေါင်း(၁)နှင့်ရုက္ခဗေ၊ တတိရဆုရရှိသည့်ညွန့်ပေါင်း(၃)နှင့် ပထဝီဘာသာရပ်အမျိုး သား၊ အမျိုးသမီးအသင်းများအား ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမေက္ခချုပ်ဆရာမကြီးဒေါက်တာမြယဥ်ယဥ်ငြိမ်းနှင့် ဌာမှူး(ပါမောက္ခ)များ၊ သင်ကြားရေးဆရာ/ဆရာမများက ဂုဏ်ပြုဆုငွေ၊ ဆုဆွဲပြား၊ ဆုဖလားတို့ကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)