ထားဝယ်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့သည့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က ပြည်တွင်းအခွန်များဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရခိုင်ပြည်နယ် မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချ ပေးထားသည့် သစ်ခွဲသားများအတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

မိုခါမုန်တိုင်းလေဘေးသင့်ဒေသများသို့ ဖြန့်ဖြူးရောင်းချပေးထားသည့် သစ်ခွဲသားများ အတွက် တန်ဖိုးကျသင့်ငွေများ ပေးသွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဒေးဒရဲမြို့နယ် ကျုံ​​ကြပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျုံ​ကြပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရဲစုကျေးရွာ(မြောက်ပိုင်း)ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဩဂုတ် ၄ ရက်နေ့ နေ့လယ်အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် မိုးနှမ်းလျာထားဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများမှ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းလျာထားဧကပြည့်မှီကျော်လွန်ရေး မိုးနှမ်းစိုက်တောင်သူများ ထွန်ယက်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဘားအံမြို့နယ်၊ သာနုံး-ရသဝေါ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁ဝ နာရီက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း (၂/၂၀၂၅)ကို ဖွင့်လှစ်ခဲ့သည်။

သုံးခွမြို့နယ်၊ သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက်၌ (၇၆) ကြိမ်မြောက်ဝါတွင်းကာလ ခုနစ်ရက်တရားစခန်းပွဲကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ် (၄) ရပ်ကွက်ရိပ်သာလမ်းရှိ သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါတွင်းကာလ (၇၆) ကြိမ်မြောက် (သဲအင်းဂူ) ခုနစ်ရက်တရားစခန်းပွဲကို (ဩဂုတ် ၉ ရက်မှ ၁၅ ရက်) ထိ ကျင်းပမည်ဟု သိရသည်။
Subscribe to