သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ပျားမွတ်ကျေးရွာနှင့် ခရိုက္ခနိ‌ကျေးရွာများ၌ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ကျန်းမာရေးဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေကြကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအပတ်စဉ် (၁၀) ဆက်လက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဥ်(၁၀)အား စာတွေ့လက်တွေ့ (၂) ပိုင်းခွဲ၍ ဆက်လက်သင်ကြားကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ် အ.ထ.က(၂၄ )၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ဧကပေါင်း ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် စပါးကိုအဓိကထားစိုက်ပျိုးကြရာ ယခုနှစ်တွင်လည်း မိုးစပါးစိုက်ဧကပေါင်း ၄၀၀၀၀ကျော်ကို စိုက်ပျိုးရန် လျာထားပြီးဖြစ်ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထယ်ထိုးမြေမြှပ်ခြင်း ကွင်းသရုပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈)၊ ဦးပိုင် အမှတ်(၁၈၁)၊ တောင်သူ ဦးကြည်တင်၏ မိုးစပါး မစိုက်ပျိုးမီ လယ်မြေ(၅)ဧကတွင် ယနေ့နံနက် ၉ နာရီက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထယ်ထိုး မြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက် လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တော်ကမယ်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)အရာထမ်းငယ် သင်တန်းအမှတ်စဉ် (၁၃၄) သင်တန်းဖွင့်ပွဲအခမ်း အနားကျင်းပ

အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၃၄) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၄ ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ကြီးဌာများနှင့် အဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ကျောင်းကုန်းမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ပထမပတ်) လှုပ်ရှားမှုအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်(ပထမပတ်) မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်‌အ‌ဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ‌ဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်‌အ‌ဝေး အမှတ်စဉ်(၁/၂၀၂၅)ကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to