မုံရွာမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌  ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား(ပထမ)အကြိမ် ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား (ပထမ)အကြိမ်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် ရတနာအောင်မြေဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ ငွေစာရင်းလုပ်ငန်းအား ဝန်ထမ်းတိုင်း ကျွမ်းကျင်တတ်မြောက်စေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်း အမေရိကန်ဒေါ်လာသန်း(၇၀)ကျော် ရင်းနှီးမြှုပ်နှံ၍ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်မည်

ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင် (၁၀) မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ခန္တီးမြို့၌ ရပ်ရွာအခြေပြုမုန့်မျိုးစုံပြုလုပ်နည်းသင်တန်း ဆက်လက်သင်ကြားပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ခန္တီးခရိုင် လူမှုဝန်ထမ်းရုံးနှင့် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ရွာအခြေပြုမုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မှစတင်ဖွင့်လှစ်လျက်ရှိပြီး ယ‌နေ့တွင် အာလူးနနွင်းမကင်း၊ အုန်းနို့သာကူပေါင်းပြုလုပ်နည်းများ ဆက်လက်သင်ကြားပို့ချလျက်ရှိရာ မြို့ပေါ်ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးများ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ဂျီနီဗာသဘောတူညီချက် (၇၅) နှစ်ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ICRC နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ဂျီနီဗာသဘောတူညီချက် (၇၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဓာတ်ပုံပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

လဟယ်မြို့တွင် မိခင်နို့စနစ်တကျတိုက်ကျွးရေး အသိပညာပေးဟောပြောပွဲနှင့် တိုးချဲ့ကာကွယ်ဆေးများထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လဟယ်မြို့တွင် မိခင်နို့စနစ်တကျ တိုက်‌ကျွေးရေး အသိပညာပေးဟောပြောပွဲနှင့် တိုးအသက်(၂)လမှ တစ်နှစ်ခွဲအတွင်းရှိ ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to