ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လည် (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များအား တွေ့ဆုံခြင်းနှင့်လုပ်ငန်းဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းစက်မှု ဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၂၇၄၀၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ လျာထားစိုက်ဧကပြည့်မီစေရန် ကြိုးပမ်းစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၂၇၄၀၉ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သတ်မှတ်လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဆက်လက်ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့နယ်၌ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့ပေါ်ရပ်ကွက် အမှတ် (၁) ရပ်ကွက်များမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးဌာနရုံးတွင် ယနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆ့ရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ‌ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများ ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးစေပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောခြင်း၊ ဓာတ်ပုံနံရံကပ်စာစောင်များပြသခြင်းနှင့် ဂိမ်းကစားနည်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ မြဝတီမြို့တွင် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ရာ မြဝတီမြို့နယ် ပြန်လည်ထူထောင်ရေး ဂေဟာ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊အ​ ခြေခံပညာမူလတန်း(လွန်) ကျောက်လုံး ကြီးကျောင်းမှ ​​ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ ၇၆၁၂ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို၊ မိုးနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးကြကြောင်း သိရှိရပြီး သင်းဒီးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် ၂၀၂၅၊ ၂၀၂၆ ခုနှစ် မိုးချည်မျှင်ရှည်ဝါ ၇၆၁၂ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ​​​ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ)ရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာအချက်အလက်များအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ကွင်းဆင်း ဆောင်ရွက်‌ပေးသည့်အပြင် မြို့နယ်ရုံးတွင် လည်းဝန်ထမ်းများက အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometrics Data) ကောက်ယူခြင်းလုပ်ငန်းများအား နေ့စဉ် ဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ 

၂၀၂၅ ခုနှစ်၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား)  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့   ညနေ ၃ နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပသည်။
Subscribe to