သုံးခွမြို့နယ်၊ သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက်၌ (၇၆) ကြိမ်မြောက်ဝါတွင်းကာလ ခုနစ်ရက်တရားစခန်းပွဲကျင်းပမည်

သုံးခွ သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ် (၄) ရပ်ကွက်ရိပ်သာလမ်းရှိ သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါတွင်းကာလ (၇၆) ကြိမ်မြောက် (သဲအင်းဂူ) ခုနစ်ရက်တရားစခန်းပွဲကို (ဩဂုတ် ၉ ရက်မှ ၁၅ ရက်) ထိ ကျင်းပမည်ဟု သိရသည်။

တရားစခန်းပွဲတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ရန်ကုန်မြို့ ပန်းဘဲတန်းမြိုနယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရမဟာထေရ် (အဘိဓဇမဟာရဋ္ဌဂုရု) ဆရာတော်အရှင်သူမြတ်ကသဲအင်းဂူ ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း ဟောဖော်ညွှန်ပြဆိုဆုံးမတော်မူ‌‌မည်ဖြစ်ကာ နေ့စဉ်ညနေ ၆ နာရီတွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားမည်ဟု သိရသည်။

တရားစခန်းဝင်‌ရောက်မည့်သူများသည် သာသနာ့အောင်ဗိမာန် (သဲအင်းဂူ) ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာ‌ တော်ဘဒ္ဒန္တခေမိန္ဒ၊ ဖုန်း ၀၉- ၇၉၉၃၇၀၇၃၃၊ တရားပွဲကျင်းပ‌ရေးအဖွဲ့အတွင်း‌ရေးမှူး ဦးမြင့်ရွှေ ဖုန်း၀၉-၉၅၉၅၁၈၁၉၄၊ ထံသို့ ကြိုတင်စာရင်း‌ပေးသွင်းနိုင်ပြီး ဩဂုတ် ၈ ရက် ညနေ ၅ နာရီအရောက် ကြွရောက်ကြပါရန် တရားပွဲဖြစ်မြောက်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)