အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း

ဘားအံ ဩဂုတ် ၆

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဘားအံမြို့နယ်၊ သာနုံး-ရသဝေါ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁ဝ နာရီက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း (၂/၂၀၂၅)ကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီးဖွင့်ပွဲတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို တက်ရောက်အမှာစကားပြောကြားပြီး တိုင်းရင်း သားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးက သင်တန်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ပြည်နယ်အတွင်းရှိ ကျေးလက်နေဒေသခံတိုင်းရင်းသားများ၏ လူမှုဘဝတိုးတက်စေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများဆောင် ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သာနုံး-ရသဝေါ်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား (၃၀)ဦး တက်ရောက်လျက်ရှိကာ ဩဂုတ်လ(၅)ရက် နေ့မှ(၉)ရက်နေ့အထိ (၅)ရက်တာဖွင့်လှစ်သွားမည်ဖြစ်ရာ ဘတ်စုံသုံး ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းများကို ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)