ရွှေတောင်မြို့နယ်တွင် မိုးနှမ်းလျာထားဧက စိုက်ပျိုးပြီးစီး

ရွှေတောင် သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများမှ ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းလျာထားဧကပြည့်မှီကျော်လွန်ရေး မိုးနှမ်းစိုက်တောင်သူများ ထွန်ယက်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ် အတွင်းအုပ်စု (၄၉)အုပ်စုရှိသည့်အနက် (၄၉) အုပ်စု ရှိ တောင်သူ (၁၇၂၂) ဦးတို့မှ မိုးနှမ်းလျာထားဧက(၃၇၄၅) ဧကစိုက်ပျိုးသွားမည်ဖြစ်ရာ (၃၇၄၅)ဧကစိုက်ပျိုးပြီး လျာထားဧကစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါမိုးနှမ်းစိုက်ပျိုးရာတွင် ဆင်းရတနာ(၃)၊ မကွေးနှမ်းနက်မျိုးများကို မြို့နယ်အတွင်း ဝါးတောအုပ်စု၊ တောဟိုင်အုပ်စု၊ ကံသုံးဆင့်အုပ်စု၊ ထန်းကုန်းအုပ်စုနှင့် ကျွန်းတန်းရိုးအုပ်စုတို့ အများဆုံးစိုက်ပျိုးပြီး မိုးနှမ်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)