မှော်ဘီ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရဲစုကျေးရွာ(မြောက်ပိုင်း)ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဩဂုတ် ၄ ရက်နေ့ နေ့လယ်အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရဲစုကျေးရွာ (မြောက်ပိုင်း) ရှိရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေသိန်း (၁၅၀) ကျပ်၊ ပြည်သူထည့်ဝင်ငွေသိန်း (၆၀) ကျပ်စုစုပေါင်းသိန်း (၂၁၀) ကျပ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာသူ/သားများက အရှည်(၃၆၀'×၁၀'×၆") ရှိ ကျေးရွာတွင်းလမ်းအား ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင်ကွန်ကလမ်းခင်းခြင်း လုပ်ငန်းများအား အကောင်အထည်ဆောင်ရွက်လျက်ရှိရာ(၅၀)%ခန့်ပြီးစီး နေပြီဖြစ်၍ ခန့်ပြီးစီးပြီဖြစ်၍ ၎င်းလမ်းပြီးစီးပါက ကျေးရွာသူ၊ ကျေးရွာသားများရွာတွင်း သွားလာရေးအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်