ကန့်ဘလူ၌ အထူးရဲသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဖွင့်ပွဲ ကျင်းပ

ကန့်ဘလူ အောက်တိုဘာ ၁

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က အထူးရဲသင်တန်း အမှတ် စဉ်(၁/ ၂၀၂၀) ဖွင့်ပွဲကျင်းပကြောင်း သိရသည်။

အဆိုပါ အထူးရဲသင်တန်းဖွင့်ပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ဆန်းမြင့် တက် ရောက် အမှာစကားပြောကြားခဲ့သည်။မဲရုံလုံခြုံရေး တာဝန်ဆောင်ရွက်ကြမည့် အထူး ရဲသင် တန်းသား ၂၀၄ ဦးအား အဖွဲ့ ခုနှစ်ဖွဲ့ခွဲကာ အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ လုံခြုံရေးဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် အထူးရဲများ သိသင့်သိထိုက်သည့် တာဝန်ဝတ္တရားများကို သိရှိစေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း နှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရန် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ရန် အထူးရဲများကို တာဝန်ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)