တပ်ကုန်းမြို့၌ မဲရုံလုံခြုံရေးအတွက် အထူးရဲသင်တန်းဖွင့်လှစ်

တပ်ကုန်း   အောက်တိုဘာ   

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲကို  ယနေ့ နံနက် နာရီက အမှတ်()အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နောင်ဝင်းက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်တာဝန်ရှိသူများနှင့်အတူ အထူးရဲသင်တန်းသားများအတွက် စီစဉ်ဆောင်ရွက်ထားရှိသည့်  စားသောက်ရေး၊ အိပ်ဆောင်နှင့် စာသင်ဆောင်များအား   ကြည့်ရှုစစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုတွင် မဲရုံ(၁၃၄)ရုံ အတွက် အထူးရဲစုစုပေါင်း (၁၃၄)ဦးတို့အား မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတွင်  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အောက်တိုဘာ  ရက်မှ ၂၈ ရက်နေ့အထိ စခန်းသွင်း၍ လေ့ကျင့်သင်ကြားသွားမည် ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

တင်စိုးလွင်