ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့၌ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ဆားလင်းကြီး အောက်တိုဘာ ၁

စစ်ကိုင်းတိုင်ဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ဆားလင်းကြီးမြို့တွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားစုရပ်အလိုက် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက် ကျွေးခြင်းကို  ယနေ့နံနက်(၇)နာရီခွဲအချိန်က စတင်၍ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးရာတွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ် များကို အသက်အရွယ်အလိုက် ဘီဂျီစီ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်- အသည်းရောင် အသားဝါ (ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊  ပြင်း ထန်ဝမ်း ပျက်ဝမ်းလျော(ရိုတာ) ၊ ဝက်သက်-ဂျိုက်သိုး ၊ ဂျပန်ဦးနှောက်ရောင် ၊  ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်နှင့်ဆုံဆို့နာ ရောဂါကာကွယ်ဆေးများ ကို ကျန်းမာရေး ဝန်ထမ်းများက  တိုက်ကျွေးပေးလျက်ရှိကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်(၃၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးတို့အား စုရပ်အခြေပြု ပုံမှန်ကာကွယ် ဆေးများ  ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်ရာတွင် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပါကြောင်း  မြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေး ဌာနမှ သိရှိရသည်။

ဥမ္မာခိုင် (ဆားလင်းကြီး ၊ ပြန်/ဆက်)