မိုင်းဆတ်မြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံလုံခြုံရေးအတွက် အထူးရဲ(Special Police)သင်တန်း ဖွင့်လှစ်

 

မိုင်းဆတ် အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေးအတွက် အထူးရဲ(Special Police)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက မြို့မရဲစခန်းတွင်ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ သင်တန်း ဘာသာရပ် များအနေဖြင့် စစ်ရေးပြသင်တန်း၊ ရဲလက်စွဲဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ လုံခြုံ ရေးဆိုင်ရာ အချက် အလက်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊  အထူးရဲ(Special Police) များ အနေဖြင့် သင်တန်း တက်ရောက်နေစဉ်ကာလအတွင်း စည်းလုံးညီညွှတ်စွာ လေ့လာသင်ယူရေးနှင့် လုပ်ငန်း တာဝန်များ အကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ အထူးရဲ(၅၈)ဦးကို မဲရုံလုံခြုံရေးအတွက် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့က အောက်တို ဘာလ(၁)ရက်နေ့မှ (၂၈) ရက်နေ့ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလမ်းညွှန်ချက် များနှင့်အညီ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အထူးရဲများအနေဖြင့် အခြေခံ ရဲတပ်သားလစာနှုန်းထားများ အတိုင်း ရရှိခံစားနိုင်မည့်အပြင် နေ့တွက်စရိတ်အဖြစ်တစ်ဦးလျှင်ငွေကျပ် (၂၈၀၀)နှုန်း ထောက်ပံ့သွားမည် ဖြစ်ပြီး ၂၀၂၀ပြည့်နှစ်၊ အောက်တို ဘာလ(၁)ရက် နေ့မှစ၍ နိုဝင်ဘာလ(၁၅) ရက်နေ့အထိ ရက်ပေါင်း(၄၆) ရက် ခန့်အပ် တာဝန်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)