စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

စလင်း သြဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမဆောင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြော သို့မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြာခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇေယျာလင်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခြင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုယ်စား မြို့မစခန်းမှူး ဒုရဲမှူးမျိုးနိုင်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဟောပြောခြင်း ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇင်မင်းထိုက်က ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်စန်းယုဝင်းက လူငယ်နှင့်ပညာရေး လူငယ်နှင့်အောင်မြင်ရေး အကြောင်းအရာများကို ဟောပြောခြင်း မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်အေးအေးငြိမ်းက HIV နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခြင်း AIDS ဆိုတာဘာလဲ HIV ပိုးကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကျဆင်းမှုကို အခွင့်ကောင်းယူပြီး ရောဂါမျိုး စုံဝင်ရောက်လာနိုင်ပုံအကြောင်းအရာများနှင့် ကျန်းမာရေး အသိပညာပေးခြင်းများဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းနှင့် ဆရာ၊ ဆရာမများ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဥပဒေရေးရာ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် မေးခွန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်က မေးမြန်းရာ ဖြေဆိုနိုင်သူ ကျောင်းသား/ကျောင်းသူများအား ဆုတော်ငွေများ ချီးမြှင့်ခဲ့ပြီးနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)