သရက်မြို့၌ ကျောင်းကျန်းမာရေးကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးကျန်းမာရေးဟောပြောပွဲ ကျင်းပ

သရက် ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်း(ရွှေဘုံသာ)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးမှူး(၄) ဒေါ်ပိုးမြဉ္ဇူ၊ ‌ဒေါ်သဇင်နှင်းနှင့် ဒေါ်အေးအေးဦးတို့က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာစာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး တစ်ဦးချင်းကျောင်းကျန်းမာရေးမှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သွားဆရာဝန်က ကျောင်းသား/ကျောင်းသူများအား သွားကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး သွားနှုတ်ရန်ရှိသည့် ကျောင်းသား/ကျောင်းသူများအား  သွားများနှုတ်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)