မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်း ဆောင်ရွက်

မိုးနဲ ဩဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်စလိုင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက်၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများသိရှိစေရန် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အားပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗဟုသုတအသစ်များရရှိခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်း၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများကိုသိရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပြီး ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နိုင်ခြင်းနှင့် စာကြည့်တိုက်၏အသုံးဝင်ပုံကို အသိပညာပေးဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို