တာချီလိတ်မြို့၌ ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးနှင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေး

တာချီလိတ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကြက်ခြေနီအသင်းမှကြီးမှူးကျင်းပသည့် ကလေးသူငယ်များအား ကျန်းမာရေးအသိပညာပေးနှင့် ကလေးပျော်စင်တာများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဝိန်းကျောက်ရပ်ကွက်ရှိ ဟောရှဏ္ဏအေဂျီဧဝံဂေလိ အသင်းတော်ရှိ တတိယနှစ်ခန်းမဆောင်တွင် ကျင်းပသည်။

ထို့သို့ကျင်းပရာတွင် တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်း ဒုတိယတပ်ဖွဲ့မှူး ဦးစိန်အောင်မင်းက ကလေးသူငယ်များအား သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေးအကြောင်းအရာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းအရာများ၊ Covid-19 အကြောင်းအရာများ၊ လုံ (၄) လုံ၊ သန့် (၄)သန့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များက ကလေးများနှင့်အတူသီဆိုကပြခြင်း၊ ဉာဏ်စမ်းကစားနည်း၊ အတူယှဉ်တွဲကစားနည်းစသည့် ကစားနည်းစုံလင်စွာဖြင့် ကလေးပျော်စင်တာများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)