ဗဟန်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရန်ကုန် နိုဝင်ဘာ

ယနေ့ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးတွင်နံနက် နာရီမဲရုံမဖွင့်မီအချိန်ကပင်မဲပေးရန် အတွက် စိတ်ဝင်တစားလာရောက်ပြီး စနစ်တကျနံနက် စောစောကြိုတင်လာရောက်တန်းစီစောင့်ဆိုင်း သူများ အထူးများပြားခဲ့သည်။

ဗဟန်းမြို့နယ်တွင်ရပ်ကွက်(၂၂)ရပ်ကွက်ရှိရာ၊မဲရုံးပေါင်း(၆၅)ရုံးနှင့်ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၆၈၀၀၀)ခန့်ရှိပြီး၊မဲရုံးများကိုနံနက် နာရီမှညနေ နာရီအထိဖွင့်လှစ်၍လွတ်လပ်စွာမဲပေးနိုင်ရေးအတွက်စီစဉ် ဆောင်ရွက်ပေးခဲ့ရာ၊ မြို့နယ်အတွင်းရှိရပ်ကွက်အသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူ များမှ စိတ်အား ထက်သန်စွာ ဆန္ဒမဲလာရောက ပေးခဲ့ကြသည်။

ဆန္ဒမဲပေးရာသို့ ဂျပန်သံအမတ်ကြီးနှင့် တာဝန်ရှိသူများကမဲပေးပုံအဆင့်ဆင့်ကိုလာရောက်လေ့လာ ကြည့်ရှု့ပြီး သိလိုသည်များကို မဲဆန္ဒရှင်များ အားမေးမြန်းကာ၊ ဂျပန်သံအမတ်ကြီးကိုယ်တိုင် ဆန္ဒမဲပေးပုံလက်သန်းမင်တို့ပုံသရုပ်ပြသခဲ့သည်။

အဆိုပါမဲရုံးများအတွင်းဆန္ဒမဲပေးရာတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲများပေး ခြင်းကို လိုက်လာဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)