ဆင်ဘိုမြို့၌ မဲဆန္ဒရှင်ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲများ လာရောက်ပေး

ဆင်ဘို   နိုဝင်ဘာ   ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ယနေ့ နံနက်(၆)နာရီတွင် စတင်ကျင်းပရာ ဆင်ဘိုမြို့ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများတွင် အေးချမ်းစွာ ဆန္ဒမဲများ လာရောက်ပေးလျက် ရှိကြောင်းသိရသည်။

ဆင်ဘိုမြို့ရှိ မဲရုံအသီးသီးတွင် ဆန္ဒမဲလာရောက်ပေးလျက်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲရုံအတွင်းသို့ မဝင်ရောက်မီ မဲဆန္ဒရှင်ပြည်သူများအား ကိုယ်ပူချိန်တိုင်းတာ ပေးခြင်း၊ နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာဖြင့် ဆန္ဒမဲများကို အေးချမ်းစွာပေးနိုင်အောင် စီစဉ်ဆောင်ရွက ်ပေးလျက်ရှိသည်။ ဆင်ဘိုမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးအတွက် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၂)အုပ်စုတွင် မဲရုံပေါင်း(၁၇)ရုံလှစ်ဖွင့်ထားပြီး ဆန္ဒမဲပေးနိုင်သူ စုစုပေါင်း(၆၆၄၁)ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲများလာ ရောက် ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမိုးကျော်(ပြန်/ဆက်)