ရှမ်းပြည်နယ်မသန်စွမ်းများအသင်းဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်မှ မဲရုံသို့လာရောက်ဆန္ဒမဲပေး

 

တောင်ကြီး နိုဝင်ဘာ ၈

တောင်ကြီးမြို့ကန်ရှေ့ရပ်ကွက် မဲဆန္ဒနယ်အမှတ−၂၊  မဲရုံအမှတ−၂ တွင် ရှမ်းပြည်နယ် မသန်စွမ်း သူများအသင်း ဥက္ကဋ္ဌ၊ မောနင်းစတားဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်မှ မဲရုံသို့လာရောက် ဆန္ဒမဲပေးကြောင်းသိရသည်။

ကျွန်မတို့ မသန်စွမ်းသူများအတွက် မဲရုံများကို ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊လားရှိုး၊ လင်းခေး၊ ကျေးသီး၊ မိုင်းပျဉ်းတို့မှာ မဲရုံ (၈) ရုံမဲပေးနိုင်ရန် စီစဉ်ပေးထားပါတယ်၊ မသန်စွမ်းသူများ        အတွက်မဲပေးရာမှာ အခက်အခဲတွေ့ကြုံရတာနည်းတယ်၊ ကိုဗစ်−၁၉ ကာလဖြစ်တဲ့ အချိန်မို့ကြိုတင်မဲ ပေးထားတာလည်းရှိတယ်၊ နောက်ရွေးကောက်ပွဲတွေမှာလည်း ယခုလိုအဆင်ပြေအောင်စီစဉ်ထား ပေးမယ်ဆိုရင် မသန်စွမ်းသူအားလုံးမဲပေးရတာအဆင်ပြေမှုရှိတာပေါ့၊ ဉာဏ်ရည်မသန်စွမ်းသူများထဲက မဲပေးပိုင်ခွင့်မရှိတာတွေရှိတယ်၊ ဉာဏ်ရည်မသန်စွမ်းသူတွေ က စိတ်ပေါ့သွပ်သူများမဟုတ်တဲ့အတွက် မဲပေးခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်မသန်စွမ်းမဲပေးခွင့်ရှိသူ (၈၀၀၀၀( ကျော်ရှိပြီး ရှမ်းပြည်နယ်အတွင်း မသန်စွမ်း မဲပေးခွင့်ရှိသူ (၅၄၀၀(ကျော်ရှိ၍ တောင်ကြီးမြို့နယ် မှာ (၁၆၀) ကျော်ရှိကာ အကြောင်း အမျိုးမျိုး ကြောင့် မသန်စွမ်းသူများမဲပေးခွင့်ဆုံးရှုံးမှုရှိနေသေးကြောင်း နှင့် အများကြီးကျန်ရှိနေ သေးကြောင်း ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ၊ မောနင်းစတားမသန်စွမ်းသူများ အသင်း ဥက္ကဋ္ဌ ဒေါ်သန်းနွယ်အောင်က ပြောသည်။

မောင်မောင်သန်း )တောင်ကြီး(