၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

 

မိုးနဲ  နိုဝင်ဘာ   ၂၀

ရှမ်းပြည်နယ်( တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ကမ္ဘောဇ ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နှင့် ဝန်ထမ်းဟောင်းများ ၊ ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေကောက်ပွဲတွင် စိတ်အား ထက်သန်စွာ ပါဝင်ကူညီဆောင်ရွက် ပေးသော ဌာနဆိုင်ရာများ ၊ကိုဗစ် -၁၉ ကူးစက်ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေးဆိုင်ရာလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်ကူညီခဲ့ကြသော မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပရဟိတအသင်းများအား အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ် ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)