ဒဂုံမြို့နယ်အတွင်း လမ်းများ၌ ရေမြောင်းပြုပြင်ခြင်း လုပ်ငန်းနှင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ကင်းဝန်မင်းကြီး လမ်းတစ်လျှောက်၌ လမ်းဘေးရေ မြောင်း ပြုပြင်ခြင်းလုပ်ငန်း၊ ဗဟိုလမ်းနှင့် မြို့မကျောင်းလမ်းတစ်လျှောက် ချုံနွယ် မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေး ဌာနမှ ဦးစီးအရာရှိ ဦးကျော်အေး ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ မြို့တော်စည်ပင်ပန်း ဥယျာဉ်ဌာနမှ တာဝန်ရှိသူ တို့နှင့် ပူးပေါင်းဆောင်ရွက် ကြောင်း သိရသည်။

ရိခေါ်ဒါရ်၌ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြကွက် မိုးစပါးစံကွက်ရိတ်သိမ်း

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိရေကန်အနီးရှိ လယ်မြေ၌ စမ်းသပ် စိုက်ပျိုး ထားသည့် ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြစိုက်ကွက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်‌နေ့က အဆိုပါ လယ်ကွက်၌ ဆောင်ရွက်သည်။

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ သုံးဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာစောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား သုံးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် နိုဝင်ဘာ ၁၉ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာတွင် (၁၄)ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၇၈)ဦး၏ Swab နမူနာများအား RDT test kit ဖြင့် စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၇၈)ဦး၏ Swab နမူနာများအား (၂၇)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်း က Mask Campaign ပြုလုပ်ဆောင်ရွက်သည်။

မံစီမြို့နယ်အတွင်းရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်စေရေး အတွက် အသိပညာပေးနှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ပြည်သူများကို နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်စေရေး အတွက် ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပြီး အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များ သတ်မှတ်ချိန်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင်ဈေးများအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်ဘက် ရည်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား သတ်မှတ် စည်းကမ်းများနှင့်အညီရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ပိတ်သိမ်းရမည့်အချိန်များတွင် ပိတ်သိမ်းခြင်းများ လိုက်နာမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက်၊ နေ့လယ်၊ ညပိုင်းများတွင်စစ်ဆေး ကြပ်မက်ဆောင်ရွက် လျက်ရှိသည်။

မတူပီမြို့၌ Facility Quarantine ဝင်နေသူ အမျိုးသမီး တစ်ဦးထံမှ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့ အလကအရှေ့ ခိုဘွေကျောင်းတွင် Facility Quarantine ဝင်နေသူ အမျိုးသမီးတစ်ဦးသည် (၁၉.၁၁.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ရောက် ရှိလာခဲ့ပြီး RDT TEST KIT ဖြင့်စစ်ဆေးခဲ့ရာ positive တွေ့ရှိသဖြင့် Joseph Oxygen ပရဟိတ ကားဖြင့် မတူပီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ Isolation Ward တွင်ထားရှိပြီး စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိ

မန္တလေး လူငယ်သင်တန်းကျောင်းနှင့် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေး၊ ယာယီပျံကျစျေးနှင့် လူသွားလူလာမှု များပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၆နာရီခွဲ ကစတင်၍ Mask Campaign ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သည်။
Subscribe to