နမ္မတူမြို့နယ် (IDP) စခန်း(၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂၂)စုအတွက် အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်

 

နမ္မတူ နိုဝင်ဘာ  ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၂)စုအတွက် အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့လယ်ဓမ္မာရုံ၌ ဆောက်ရွက်ခဲ့သည်။

ထိုသို့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံးမှ  ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က လီဆူး (IDP)စခန်း၊ ကချင် (IDP)စခန်းနှင့် ကြူဆော့ (IDP)စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၂)စု လူဦးရေ (၅၅၅)ဦးအတွက် တစ်အိမ်ထောင်လျှင် ဆီ (၁)ပိဿာ၊ ဆား (၅၀)ကျပ်သား၊ ကုလားပဲ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်းဆီ (၁၂၂)ပိဿာ၊ ဆား (၆၁)ပိဿာ၊ ကုလားပဲ (၁၂၂)ပိဿာနှင့် ဆန်အိတ် (၈၁)အိတ်အား တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

   လူမော် (ပြန်/ဆက်)