လင်းခေး နိုဝင်ဘာ ၂၀
လင်းခေးခရိုင်၊လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိသည့် အသက်(၂၂)နှစ်၊ အမျိုးသား(၁)ဦးထံတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သဖြင့် လင်းခေးမြို့ဆေးရုံရှိ သီးသန့်ဆောင်တွင်ထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိသည်။
ပိုးတွေ့အမျိုးသားသည် ရန်ကုန်တိုင်းေဒသကြီးမှ လင်းခေးမြို့သို့ ရောက်ရှိလာသူ(၁၁)ဦးနှင့်အတူ ၁၇-၁၁-၂၀၂၀ရက်နေ့တွင် ရောက်ရှိလာပြီး အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိရာမှ နိုဝင်ဘာ လ ၁၉ ရက်နေ့တွင် အဆိုပါ (၁၁)ဦးအားအမြန်စစ်ကရိယာ RDTဖြင့်စစ်ဆေးခဲ့ရာမှ ယခုလိုပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လင်းခေးမြို့ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Quarantine Center ဝင်ရောက်နေသူများသည် လင်းခေးမြို့ ခံလူများနှင့်ထိတွေ့မှုမရှိကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် Maskတပ်ခြင်း၊ လက်ဆေးခြင်း၊ မျက်နှာအကာ(Face shield)တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာနေထိုင်ပြောဆိုခြင်း၊ မလိုအပ်ဘဲ ခရီးဝေးမသွားကြရန် နှင့် ပြည်သူများစိုးရိမ်မှုမလွန်ကဲကြရန် ဆရာဝန်ကြီးဒေါက်တာမောင်မောင်သန်းက တိုက်တွန်းထားသည်။
ခရိုင်(ပြန်ဆက်)