မတူပီမြို့ အဝင်/အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များနှင့် Quarantine Center များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ချင်းပြည်နယ် မတူပီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/ အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များအား မင်းတပ်၊ ဟားခါး၊ပလက်ဝ သွားလမ်းတို့တွင် ဖွင့်လှစ်ထားရှိဆောင်ရွက်နေမှုအပေါ် ယမန်နေ့ နေ့လယ် ၁ နာရီ ခွဲအချိန်က မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသစ်လွင်သိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမောင်ဝင်း၊ မြို့နယ်မီးသတ် ဦးစီး မှူးဦးကွီလိုင်းနှင့် မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင် တို့သည်ကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများအား ငွေကျပ် (၄၀၀၀၀) (ပဥ္စမအကြိမ်) ထောက်ပံ့ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရမှ (ပဥ္စမအကြိမ်)အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မဂ္ဂသစ္စာမိုးကုတ်ဓမ္မရိပ်သာ၌ အမှတ်(၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်မှ ရပ်ကွက်နေ ပြည်သူများထံသို့ ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

သုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သက်ကြီးနွမ်းပါး ဘိုးဘွားများအား အလှူငွေများထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသော လူငယ်များနှင့် သူငယ်ချင်းများ စုပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကာလအတွင်း မွေးရပ်မြေမှ သက်ကြီးနွမ်းပါး ဘိုးဘွားများ စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ယမန်‌‌နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် အလှူငွေ များ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် ယာယီပျံကျဈေး၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေးကြပ်မတ် ဆောင်ရွက်

နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၆)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၆)ရှိ ယာယီပျံကျဈေး၌ ဆောင်ရွက်ခဲ့သည်။

ခိုင်ကမ်းမြို့ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ သည်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မြို့စည်ပင်သာရေးအဖွဲ့ တာဝန်ခံဦးဆောင်ကာ မြို့ရှိ ဗိုလ်ခိုင်ကမ်းပန်းခြံသန့်ရှင်း သာယာလှပရေးအတွက် နိုဝင်ဘာ ၂၀ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။

ကွန်ဟိန်းမြို့၊ ယာယီပျံကျစျေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ယာယီပျံကျစျေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းအား ယနေ့နံနက် (၆:၀၀)နာရီအချိန် က ဆောင်ရွက်ခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၄၂၂) ဦး ရှိပြီဖြစ် ကြောင်း သိရသည်။

ဘားအံမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းကို ကျေးရွာ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုဖြင့် ခင်းကျင်းဆောင်ရွက်

ကရင်ပြည်နယ်အတွင်း ကိုရီးယားသမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန (Korea Climate Change Center) အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP) Improve Cook Stove Project ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် ဘားအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့ရှိ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ တစ်ရွာစီတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက ဘားအံ မြို့နယ်၊ ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာ၌ ICSP စီမံကိန်းဖြင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်း ပါဝင်လှုပ်ရှားမှုဖြင့် ကျေးရွာချင်းဆက်လမ်း ခင်းကျင်း ဆောင်ရွက် နေမှုတို့အား ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီမှူး ဦးသန်းထိုက်သည် ဘားအံခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသက်ဆွေလိုက်ပါလျှက် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း ပြည်ပနှင့်ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ (၁၄) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ရာ ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှု နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါး မြို့နယ်အတွင်း ပြည်ပနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ရက်ပြည့်သူ ၁၄ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ် (On Farm) စပါးစမ်းသပ်ကွက်တွင် အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်းထွက်ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသန ဌာနစုတို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း၍ အရည်အသွေးကောင်းမွန်သော On Farm စပါး (၁၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ၂၀၂၀ ခုနှစ်၊ မိုးရာသီတွင် တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်) ကျေးရွာနေ တောင်သူ ဦးလျန်းဆောမ်းထန် စိုက်ကွက်တွင် ပြုလုပ်ရာ ပျှမ်းမျှစပါးအထွက်နှုန်း အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်း ထွက်ရှိကြောင်း သိရသည်။
Subscribe to