ကော့ကရိတ် နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့စိုက်ပျိုးရေးဉီးစီးဌာနမှဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food And Agriculture Organization of the United Nation - UNFAO ) ၏ အထောက်အပံ့ဖြင့် ဝန်ထမ်း စွမ်းဆာင်ရည်မြှင့်တင်ရေး ( Good Agriculture Practices - GAP ) နှင့် ( Climate Smart Agriculture - CSA ) နည်းပညာပေးဆွေးနွေးပွဲကိုယမန်နေ့နံနက် ၉နာရီ ချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ FAO Emergency and Rehabilitation Coordinator Mr . Reda Lebtahi မှ Virtual Online ဖြင့် ဆွေးနွေးပွဲ၏ကောင်းသောရလဒ်များနှင့်ပတ်သက်၍အမှာစကား ချီးမြှင့်ပြောကြားသည်။ ထိုနောက် ခရိုင် စိုက်ပျိုးရေးဦးစီးမှူးဒေါ်နော်သူးလေထီးမှ ဆွေးနွေးပွဲ ဖြစ်မြှောက်ရေးအတွက် FAO နှင့် UK aid အဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ၊ဝန်ထမ်းများအနေဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းမှ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာပြီး တောင်သူ အကျိုးပြုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်မှ FAO မှ အကူအညီပေးမှုအပေါ် ငွေကြေး ၊ အချိန်ကို တန်ဖိုးထားနားလည်ပြီး ၊ ဝန်ထမ်းစွမ်း ဆောင် ရည်မြင့်မားရေး၊ အမှန်တကယ် မြင့်တက်လာရေး အထူးလိုအပ်ကြောင်း၊FAOပြည်နယ်တာဝန်ခံ ဦးစပြည့်ဖြိုးအောင် ကတောင်သူအကျိုးပြုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးတို့အားအသီးသီး ဆွေး နွေးပြောကြားခဲ့ကြသည်။ ဆက်လက်၍ ခရိုင်မြေ အသုံးချ ရေးတာဝန်ခံ ဒေါ်အေးအေးနွယ်၊ ခရိုင်မျိုးစေ့ တာဝန်ခံဒေါ်ဝင်းဝင်းနိုင် ၊ ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဒေါ်သီမာဝင်းတို့မှသက်ဆိုင်ရာကဏ္ဍ အလိုက် နည်းပညာပေးဆွေးနွေးကြရာ ဝန်ထမ်းများမှအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါနည်းပညာပေးဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့်ပညာရှင်များ ၊ FAO ပြည်နယ် တာဝန်ခံ ဦးစပြည့်ဖြိုးအောင် နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ စုစုပေါင်း (၂၈)ဦး တက်ရောက် ကြပြီး ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ(တစ်ရက်တာ )ကျင်းပခဲ့ကြသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)