သုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သက်ကြီးနွမ်းပါး ဘိုးဘွားများအား အလှူငွေများထောက်ပံ့

သုံးခွ အောက်တို့ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေသော လူငယ်များနှင့် သူငယ်ချင်းများ စုပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကာလအတွင်း မွေးရပ်မြေမှ သက်ကြီးနွမ်းပါး ဘိုးဘွားများ စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ယမန်‌‌နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် အလှူငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

သက်ကြီးဘိုးများ‌ ထောက်ပံ့ပေးအပ်ရာတွင် ကျေးရွာအုပ်စုအတွင်းရှိ လက်ပန်ကျေးရွာမှ (၃၉)ဦး၊ သရေတန်းကျေးရွာမှ(၁၁)ဦး၊ နန်းခလဲကျေးရွာမှ(၂၉)ဦး၊ ဝင်းကြီးကျေးရွာ မှ(၁၈)ဦး၊ ဘုရားကုန်း ကျေးရွာမှ(၃)ဦး၊ ကြာရိုးကွင်းတဲစုမှ(၁)ဦး၊ စုစုပေါင်း(၁၀၁)ဦးအား တစ်ဦးလျှင် ငွေ(၂၀၀၀၀)ကျပ်နှုန်း ဖြင့် စုစုပေါင်း‌ ငွေကျပ်(၂၀၂၀၀၀၀)အား အလှူရှင်များကိုယ်စား ကျေးရွာနေ လူငယ်အဖွဲ့က နေအိမ် များသို့ သွားရောက်လှူဒါန်းကြပြီး သက်ကြီးဘိုးဘွားများ အား ဂါရဝပြုခဲ့ကြကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်