လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရမှ (ပဥ္စမအကြိမ်)အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မဂ္ဂသစ္စာမိုးကုတ်ဓမ္မရိပ်သာ၌ အမှတ်(၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်မှ ရပ်ကွက်နေ ပြည်သူများထံသို့ ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် အတွက် ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူများကို ထောက်ပံ့ခဲ့ရာ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၄၀၀၀၀)နူန်းဖြင့် အိမ်ထောင်စုပေါင်း(၇၆၁၁)စုကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)