ပြင်ဦးလွင်မြို့မဈေးကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများ အသုံးပြုခြင်း ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း /ဈေးဝယ်များ Mask များ တပ်ဆင်ခြင်းနှင့် ကျန်းမာရေးနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ / မရှိ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Oxygen စက် လာ‌ရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ အလှူရှင်များက အောက်စီဂျင်စက် တစ်လုံးကို ယမန်နေ့နံနက်(၁၀)နာရီခွဲက လာ‌ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိ လူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၇ နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

လမ်းမတော်မြို့နယ် Quarantine Center သို့ မနက်စာ၊ နေ့လယ်စာနှင့်၊ ညနေစာ ထမင်းဘူးများအား အလှူရှင်များက လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့က မနက်စာ၊ နေ့လယ်စာနှင့် ညနေစာ ထမင်းဘူး(၁၀၀)ဦးစာအား အလှူရှင်များက လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံချေးငွေများ ထုတ်ချေး

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ဆောင်းရာသီ သီးနှံပင်များ စိုက်ပျိုးမည့် ဒေသခံတောင်သူများအား မျိုးစိုက်ပျိုးစရိတ် မြေဩဇာများ အဆင်ပြေစွာ စိုက်ပျိုး သုံးစွဲနိုင်စေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးဧက တစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသည့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက် ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် အမြင့်ကျေးရွာ ကွင်းအမှတ်(၁၉၃၆) ၊ ဦးပိုင်အမှတ်(၃၄)၊ တောင်သူ ဦးသိန်းမြင့်၏ အောင်မြင်ဖြစ်ထွန်းနေသော ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က စံကွက်ရိတ် သိမ်းခြင်း ကွင်းသရုပ်ပြသခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၆:၃၀) နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီစဉ်ဖြင့် စိုက်ပျိုးထားသော ရက် (၉၀) မိုးစပါး မျိုးစေ့ထုတ် စံပြကွက်ရိတ်သိမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ် သာလိုင်း ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက (CERP)အစီစဥ်ဖြင့် စိုက်ပျိုးထားသော ရက် (၉၀) မိုးစပါး (၆ ပေဒသမ ၆ ပေ) ပတ်လည် မျိုးစေ့ထုတ် စံပြစိုက်ကွက် ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်သည်။

မိုင်းလုံမြို့၌ Home Quarantine ထားရှိသူများ၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ Home Quarantine ထားရှိသူ(၉)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးရန် နိုဝင်ဘာ(၁၈)နေ့က နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမားရေးဌာနတွင် ရယူခဲ့ကြောင်း သိရသည်။
Subscribe to