အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင်သည့် ကြာဇံကြော်ပွဲ(၁၀၀) လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင် သည့် ကြာဇံကြော်ပွဲ(၁၀၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျုံပျော်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ (၁၀၅)ဦးရှိခဲ့ပြီး သေဆုံးသူ (၁) ဦးရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ယခုလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာကာ နိုဝင်ဘာ ၁၈ ရက်အထိ ကိုဗစ် အတည်ပြုလူနာ (၁၀၅)ဦးရှိပြီး၊ ယင်းနေ့ညနေတွင် (၁)ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အခြေခံပညာကျောင်းများမှ သာမန်အသုံး စရိတ်ရရှိမှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် အခြေခံပညာ ကျောင်းများမှ သာမန်အသုံးစရိတ်ဖြင့် ရန်ပုံငွေရရှိသည့် ကျောင်းများအနေဖြင့် ခွင့်ပြုရန်ပုံငွေ အပေါ် လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ အထက ကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် မြို့နယ်ပညာရေးမှူးက ကျောင်းအုပ်များ၊ ကျောင်းဆောက်လုပ်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ရည်ရွယ်ချက်များဖြစ်သော ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်အပြီးသတ် ဆောက်လုပ်နေသည့် လုပ်ငန်းအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ်အပြီးသတ်ဆောက်လုပ်နေသည့် လုပ်ငန်းကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် Mask နှင့် Face Shield Campaign ပြုလုပ်

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်၊ ဈေးရောင်းဈေးဝယ်သူများနှင့် အပြင်သွားလာသူများအား Mask နှင့် Face Shield Campaign ဆောင်ရွက်ခြင်းကို မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ရပ်ကွက်(၄) လမ်းဆုံနှင့် ဈေးဆိုင်များတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျီခါးမြို့၌ မြို့မြေတိုင်းတာခြင်းလုပ်ငန်း ပူးပေါင်းကွင်းဆင်းဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ လက်ရှိနေထိုင်လျက်ရှိသော မြို့နေလူထုအိမ်ရာဝင်းများ စနစ်တကျရှိစေရေး အတွက် မြို့မြေကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး၊ စိုက်ဧကပေါင်း ၁၃၁၉၁ ဧကအတွက် ကျပ်သိန်းပေါင်း ၁၃၁၉၁ သိန်း ထုတ်ချေးရန်လျာထား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်မှစ၍ မြို့နယ်အတွင်းရှိ ကျေးရွာဘဏ် ၃ ခုမှ ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူ ၁၁၆ ဦး၏ စိုက်ဧကပေါင်း ၆၉၇ အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ (၁)ဧကငွေကျပ် (၁)သိန်းနှုန်းဖြင့် စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပန်းတောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Subscribe to