ယခင်နှစ်ထက် ကိုက်လန်စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်အတွင်းရှိ လက်ပံကွေ့၊ ခွင်တောင်း၊ ယောမြေနီ၊ ကျွန်းလှခုံ၊ အောက်ဇီးဖြူပင်ကျေးရွာများနှင့်

ဒီးမော့ဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်မြှင့်တင် စစ်ဆေးဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နေ့စဉ်စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ အမှတ်(၃၃)ရပ်ကွက်၊ ကျောက်စိမ်း (၂)လမ်း ပျံကျစျေးနှင့် ပင်လုံလမ်းမကြီး၊ CITY MART SUPERMARKET ရှေ့တို့တွင် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ ကိုရင်ကြီးတစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ကိုရင်ကြီးတစ်ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ယမန်နေ့ညနေ (၃)နာရီအချိန် က သိရသည်။

ဝန်းသိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ ၄ လက်မစက်ရေတွင်း တူးဖော်ရာတွင် မြေအောက်ကျောက် လွှာ မာကျောသည့်အတွက် DRD-007 ၊ DTH စက်ကြီးဖြင့် တူးဖော်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပူပြင်း ခြောက်သွေ့ သောနွေရာသီကာလ သောက်သုံးရေဖူလုံစွာရရှိနိုင်စေရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ၄ လက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို

နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

Dan Churchaid Norwegian Church Aid (DCA-NCA)၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow)နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့မစျေးအတွင်း ချမှတ်ထားသည့် ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်စည်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ကိုဦးနှင့် တာဝန်ရှိသူများသည် မြို့မစျေးအတွင်းရှိ စျေးရောင်း/စျေးဝယ်သူများ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက မြို့မစျေးတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

တွံတေး၌ မိုးစပါး CERP မျိုးသန့်မျိုးစေ့ထုတ် ရက်(၉၀)မျိုးစိုက်ခင်း အထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက် ရိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှု အရ စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ဧရာမင်းစပါး မျိုးစေ့ထုတ်စိုက်ခင်းများတွင် အထွက်နှုန်းခန့်မှန်း နိုင်ရန် စံကွက်ရိတ်သိမ်း ခြင်းကို ယနေ့ နံနက်က ကလီထော်ကျေးရွာအုပ်စု၊ ကလီထော်ကျေးရွာ တောင်သူ ဦးစောရွှေမြင့် ပိုင်လယ်(၀.၁၀)ဧက၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက် ထားမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က စက်မှုဇုန် (၃၊၄)တွင် လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to