မြင်းခြံခရိုင်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်အပြင် ထပ်ဆောင်းထောက်ပံ့ငွေ ထောက်ပံ့ပေးမည်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ အသက် ၁၀၀ နှစ်အထက် သက်ကြီး ရွယ်အို ဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ကျပ် ၃၀၀၀၀ အပြင် ထပ်ဆောင်းထောက်ပံ့ ငွေ ကျပ် ၃၀၀၀၀ စုစုပေါင်း ကျပ် ၆၀၀၀၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးက သိရသည်။

ခိုင်ကမ်းမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များအားလုံး ကျန်းမာရေးနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း အရှိန်ဟုန်မြှင့်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကာလအတွင်း ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စားသောက်ဆိုင်များ ဈေးဆိုင်များအားလုံးသို့ သွားရောက်ကာ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ကျောက်တန်းမြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဈေးရောင်း/ဈေးဝယ်များအား Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် အတွက် ရန်ကုန်တောင် ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများတွင် Mask စနစ်တကျ တပ်ဆင် ရေး စစ်ဆေးမှုများကို ယနေ့ နံနက် ၉ နာရီက စည်ပင်သာယာမြို့မဈေးနှင့် ကားဂိတ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေ ထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကျင်းပ

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ နယ်မြေ မီးသတ်စခန်းနှင့် သုဂတိမဂ္ဂလူမှုကူညီရေး အသင်းတို့ပူပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။

ပိုင်ကျုံမြို့ လော်ကော်ကျေးရွာရှိ ရွာတွင်းလမ်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လော်ကော်ကျေးရွာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် စီမံကိန်းလုပ်ငန်းခွဲ များ ဆောင်ရွက်ရန်အတွက် လော်ကော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က (ဒုတိယအကြိမ်) နည်းပညာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တို့ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ (၃:၃၀) အချိန်ခန့် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့ ဌာနပေါင်းစုံ စုပေါင်းဘုံကထိန်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်းမြို့ ဌာနပေါင်းစုံ စုပေါင်းဘုံကထိန် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ့ ၃ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ထီးလင်း၌ မြို့နယ်ရွှေထီးခန်းမ အုတ်ခြံစည်းရိုး ကာရံခြင်းနှင့် သံပန်းတံခါး ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့နယ်ရွှေထီးခန်းမ အုတ်ခြံစည်းရိုး ကာရံခြင်းနှင့် သံပန်းတံခါး ပြုလုပ် ခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to