ရွှေပြည်သာမြို့နယ်၌ နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာ ဈေးဖြစ်သည့် ထန်းခြောက်ပင် ပတ္တမြားဈေး နှင့် ထန်းခြောက်ပင်လမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေလုံ မျိုးစေ့သိုလှောင်အိတ်များနှင့် တာပေါ်လင်စ များကို တောင်သူများအား ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ခင်ဦး၊ ဝက်လက်မြို့နယ်များတွင် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေလုံမျိုးစေ့ သိုလှောင်အိတ်များနှင့် တာပေါ်လင်စ များ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တောင်သူစုဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဖျာပုံမြို့၌ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများစျေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချမှု မဖြစ်ပေါ်စေရေး စစ်ဆေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ စျေးဆိုင်များအား စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချမှု မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စျေးများအား လိုက်လံကွင်းဆင်း စစ်ဆေး ဆောင်ရွက်ကြသည်။

ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းအခု (၂၅၀၀) အခမဲ့ဖြန့်ဝေပေး

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်၇ နာရီအချိန်မှစ၍ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

မအူပင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၂၅ ရွာအား လုပ်ငန်းဆောင်ရွက်ရန်တင်ပြထားသည့် လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၂၇)စုအား စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်

ပင်လုံ နိုဝင်ဘာ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ၏ အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်ခန့် က အခြေခံလူတန်းစားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့တွင် ဆောင်းသီးနှံစိုက်တောင်သူများ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးများကို ထုတ်ချေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ရေခါးကျေးရွာအုပ်စုကို ထုတ်ချေးခဲ့ကြောင်း သိရသည်။

မတူပီမြို့၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ (VDP)၊ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာရွေးချယ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့သည်။

မအူပင်မြို့တွင် နေအိမ်ပြင်ပသို့ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်အတွက် မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ခံ ဒေါက်တာခင်မာစိုးနှင့် ဒေါက်တာ ဇော်ဝင်းလှိုင်တို့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းသော မြို့နယ် ကို-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအဖွဲ့က လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များနှင့် မျက်နှာကာ Face shield များ တပ်ဆင်ကြရန် နိုးဆော်ခြင်း၊ ဖြန့်ဝေခြင်းဆောင်ရွက်သည်။

ဆီဆိုင်မြို့တွင် ယစ်မျိုးဆိုင်များအား သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ယစ်မျိုးဆိုင်များအား သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ယနေ့နေ့လည်ပိုင်း က တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to