ဒီးမော့ဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်မြှင့်တင် စစ်ဆေးဆောင်ရွက်

ဒီးမော့ဆို နိုဝင်ဘာလ ၂၀

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေး  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် စေတနာ့ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပြင်ပသို့ ထွက်ခွာ သွားလာနေကြသော ပြည်သူများအား ကျန်းမာရေး ညွှန်ကြားချက်များ နှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား ၊ လမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ပါက ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ မဖြစ်မနေ Mask တပ်ဆင် သွားလာကြရန် အသိပေးပြောကြားကာ Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝိ/-)ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရှိရသည်။

ကြီးဒဲရယ်