ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ခြင်း ဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask နှင့် Face Shield Campaign ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် အခြေခံလူတန်းစားအိမ်ထောင်စု(၁၅၆)စုအား ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၁၅၆)စု အတွက် အလှူရှင်မှဆန်များ လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၁) ရပ်ကွက်ရှိ ရွာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့ လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့ အတွင်း ပါဝင်သည့် လမ်းအပိုင်းမှပျက်စီးနေသည့် လမ်းနေရာများနှင့် ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများ၊ ယာဉ်အဝင်အထွက်များသည့် လမ်းဆုံနေရာများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အများပြည်သူတို့ ကား/ဆိုင်ကယ်များ ဘေးကင်းစွာမောင်းနှင် သွားလာနိုင်ရေးအတွက် သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီမှနေ့စဉ် ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိရာ နိုဝင်ဘာလ ၂၀ ရက်က တာလေမြို့တွင်း လုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ တာဝန် ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များစနစ် တကျတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaing ပြုလုပ်ခြင်း နှင့် Mask အခုရေး ၁၀၀၀ အား အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မရဲစခန်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုက်မြို့နယ် ထီးတန်းစျေးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပေး နှိုးဆော်ခြင်းနှင့် Mask and Face Shield Campaign ပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်း စျေးတစ်လျှောက်တွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ (COVID -19)ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် Mask and Face Shield Campaign များ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love Yangon North Okkalapa ပရဟိတအသင်းအား အလှူရှင်များမှ အလှူငွေများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် We Love Yangon North Okkalapa လူထုအခြေပြု ပရဟိတအသင်းအား အလှူရှင်များမှ အလှူငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျန်းမာရေးလိုက်စားသူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် လှုပ်လှုပ်ရှားရှား လူထုအားကစား ပြိုင်ပွဲ Online မှတစ်ဆင့်ကျင်းပ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနည်းပါးစေရေးအတွက် Stay at Home နေထိုင်စဉ်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်မာရေးလိုက်စားသူများ လိုက်ပါလှုပ်ရှား ဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance အစီအစဉ်အားပြုလုပ်လျက်ရှိရာ မြို့နယ်အားကစားလှုပ်ရှားမှု Facebook Account နှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန IPRD Mawlamyinegyun Facebook Page တို့တွင် အပတ်စဉ် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိသည်။

မွန်ပြည်နယ်၊ လမိုင်းမြို့တွင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြန်ဝင်ရောက်လာသည့် ပြည်သူများ Quarantine ဝင်ရောက်နိုင်ရေး Quarantine Centre ဖွင့်လှစ်

မွန်ပြည်နယ်၊လမိုင်းမြို့တွင်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှပြန်ဝင်ရောက်လာသည့်ပြည်သူများ Quarantine ဝင်ရောက်နိုင်ရေး Quarantine Centre ကို အထက မော့ကနင်ကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ Facility Quarantine ခံယူနေသူ (၁၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို နမူနာ ရယူစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကော်မတီအဖွဲ့တို့သည် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine ခံယူနေသူ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၆)ဦးတို့ထံမှ ယနေ့နံနက် ၆ နာရီက နှာခေါင်းနှင့် အာခေါင်တို့ပတ်တို့ကို နမူနာရယူစစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ECCD – Network) တို့ ပူးပေါင်းပြီး (၃၁)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to