ပုလဲမြို့နယ်တွင် ADSP စီမံချက်အရ စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စံကွက်ရိတ်ခြင်းနှင့်စပါးဖြုတ်ပိုးကာကွယ်ရေးဆွေးနွေးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းမအရှေ့ကျေးရွာ၊ တောင်သူဦးမင်းလင်း၏ ကွင်းအမှတ် ၈၉၄-က၊ ဦးပိုင်အမှတ်၁၂တွင် ADSP စီမံချက်အရ စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ် ၅ ဧက၌ စံကွက်ရိတ်သိမ်းခြင်းနှင့်စပါးဖြုတ်ပိုး ကာကွယ်ရေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။